Ministry Of Commerce , Department Of trade, Muse 105 Mile Trade Zone, blogSpot

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Blog မှ ကြိုဆိုပါ၏

Tuesday, October 18, 2016

လယ်ယာထွက်ကုန်နှင့် သစ်သီးများကို မူဆယ်တွင် တရုတ်ကုန်သည်များက ဈေးလျှော့ဝယ်ယူနေ

တရုတ်-မြန်မာ နယ်စပ် ဖြစ်သည့် မူဆယ်မြို့တွင် လယ် ယာထွက်ကုန်နှင့် သစ်သီးများကို ဈေးနှုန်းလျှော့၍ ၀ယ်ယူနေကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့က ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံမှ အ၀ယ်များခြင်းကြောင့် သကြား တစ်အိတ်လျှင် ၂၄၄ ယွမ် (ကျပ် ၄၅,၀၀၀ ကျော်) ဈေးရှိပြီး ယခင် နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တစ်အိတ်လျှင် ၄၅ ယွမ် (ကျပ် ၈,၄၀၀ ကျော်) ပိုမိုရရှိကြောင်း မူဆယ်မြို့မှ ကုန်သည်ဦးမင်းသိန်း က ပြောသည်။
တရုတ်နိုင်ငံတွင် လိုအပ် ချက်နည်းသည့် ဆန်၊ ပြောင်းဖူး စေ့နှင့်သစ်သီးများကို တရုတ်ကုန် သည်များက လက်ရှိအချိန်တွင် ဈေးလျှော့ ၀ယ်ယူသဖြင့် ကုန် သည်များ အကျိုးအမြတ်မရှိဖြစ် နေရသည်ဟု ဆိုသည်။
‘‘တရုတ်က ၀ယ်အားလျော့ ပြီး ဈေးနှိမ်ဝယ်တော့ ကုန်သည် တွေ ဒီရက်ပိုင်းမှာ ရှုံးကြတယ်’’ဟု မူဆယ်မြို့မှ သစ်သီးကုန်သည် တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းတွင် ရှမ်းပြည် နယ် သီပေါမြို့နယ်မှ ဖရဲသီးများ မူဆယ်မြို့သို့ ရက်ဆက်ဝင်ရောက် နေသော်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ဖရဲသီးထွက်ချိန်ဖြစ်နေသောကြောင့် တရုတ်ကုန်သည်များက ဈေးထက်ဝက်ခန့် လျှော့ပြီးဝယ်ယူကြောင်း မူဆယ်မြို့မှ သစ်သီးကုန်သည်က ပြောသည်။ လက်ရှိ မူဆယ်မြို့တွင် ဖရဲသီးတစ်တန်လျှင် ယွမ် ၁,၀၀၀ ခန့် (ကျပ် ၁၈၇,၀၀၀)ဈေးရှိကြောင်း သိရသည်။
ထို့အပြင် တရုတ်အစိုးရက မြန်မာနိုင်ငံမှ ဆန်ဝယ်ယူသည့် ကုန်သည်များကိုလည်း ယခုနှစ် လယ်ပိုင်းကစတင်၍ မကြာခဏ ဖမ်းဆီးမှုများကြောင့် တရုတ်ဆန် ကုန်သည်အများစုက မူဆယ်မြို့ သို့ ဆန်လာရောက်ဝယ်ယူခြင်း မရှိပေ။
မူဆယ်မြို့သို့ လာရောက် ၀ယ်ယူသည့် တရုတ်ဆန် ကုန် သည် အနည်းစုကလည်း ဈေးနှုန်းလျှော့ချပြီးဝယ်ကြောင်း သိရသည်။
တရုတ်ကုန်သည်များ ၀ယ် ယူသည့် မြန်မာ့ဆန်တစ်အိတ်၏ ဈေးနှုန်းသည် ယခင်နှစ်အောက် တိုဘာတွင် ၁၅၅ ယွမ် (ကျပ် ၂၉,၀၀၀ ခန့်) ဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၂၅ ယွမ် (ကျပ် ၂၃,၀၀၀) ခန့်သာ ဈေးရကြောင်း သိရသည်။ ထို့အတူ ပြောင်းဖူးစေ့ မှာလည်း တစ်အိတ်လျှင် ယွမ် ၁၀၀ ကျော်မှ ၇၆ ယွမ်သို့ ဈေး နှုန်းကျဆင်းလာကြောင်း သတင်း ရရှိသည်။

 

No comments:

Post a Comment