မွန်ပြည်နယ်မှ ထွက်ရှိ သည့် ရော်ဘာကို တရုတ်က အ ဝယ်လိုက်သောကြောင့် ရော်ဘာ ဈေးမှာ အောက်တိုဘာအတွင်း ဈေးပြန်တက်လာသည်ဟု ရော် ဘာလုပ်ငန်းရှင်များမှ သတင်းရရှိ သည်။
အောက်တိုဘာအတွင်း ရော်ဘာအပါး (RSS-3 အဆင့်ရှိ) အမျိုးအစား တစ်ပေါင်လျှင် ကျပ် ၇၆၀ ခန့်အထိ ဈေးရှိနေပြီး တစ် နေ့လှန်းဟုခေါ်သည့် အထူအမျိုး အစား ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၆၃၀ ခန့် ရရှိနေသည်ဟု ရော်ဘာအရောင်းအဝယ်ပြုလုပ် နေသူများထံမှ သိရသည်။
‘‘ဒီလထဲမှာ ရော်ဘာဈေးက တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ၇၆၀ အထိ တစ်ချက်တက်သွား ပြီးတော့ နည်းနည်းပြန်ကျသွား တယ်။ ဒီရက်ပိုင်း နည်းနည်းပြန် တက်သွားတယ်’’ဟု မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောကြား သည်။
မွန်ပြည်နယ်တွင် တစ်နှစ် လျှင် ရော်ဘာတန်ချိန် တစ်သိန်း ခန့် ထွက်ရှိပြီး ရော်ဘာများကို တရုတ်က နှစ်စဉ်ဝယ်ယူခြင်းဖြစ် သည်။
ယခုနှစ်တွင် တရုတ်ဘက် က မွန်ပြည်နယ်ထွက် ရော်ဘာကို ပိုမိုဝယ်ယူလာခြင်းဖြစ်ကြောင်း ရော်ဘာကုန်သည်များထံမှ သိရ သည်။
ရော်ဘာဈေးသည် ၂၀၁၁ က RSS-3 အဆင့်ရှိ ရော်ဘာ တစ်ပေါင်လျှင် ၁,၈၀၀ ကျပ်အထိရှိရာမှ နှစ်စဉ် နှစ်တိုင်း ဆက်တိုက်ကျဆင်းလာရာ ၂၀၁၆ မှ တစ် ပေါင်လျှင် ၅၀၀ ကျပ်ခန့်ဖြင့် အနိမ့်ဆုံးဈေးသို့ ရောက်ရှိခဲ့သည်။
မွန်ပြည်နယ်မှ ထွက်သည့် ရော်ဘာများဝယ်ယူရန် ဂျပန်နိုင်ငံ ကလည်း ပြည်နယ်အစိုးရထံ နှစ်ကြိမ်လာရောက်ညှိနှိုင်းဆွေးနွေး ထားမှုရှိသည်ဟု မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဆိုသည်။
‘‘ကျွန်တော်တို့ ပြည်နယ်က ထွက်တဲ့ ရော်ဘာအားလုံးကို သူ တို့ စိတ်ကြိုက်ဖြစ်ရင် ဝယ်ဖို့ရှိ တယ်။ ကျွန်တော်နဲ့လည်း စကား ပြောပြီးပြီ။ နောက်တစ်ခါ သူတို့ ပြန်လာရင် အကြောင်းစုံသိရမယ်။ သူတို့ဝယ်ရင်တော့ ရော်ဘာဈေး ကောင်းလာဖို့ သဘောရှိတယ်’’ ဟု ဦးထွန်းဌေးက ပြောသည်။
ပြည်နယ်တစ်ခုလုံးရှိ ရော် ဘာလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့် သည် အသေးစား
စိုက်ပျိုးလုပ် ကိုင်ခြင်းသာဖြစ်ပြီး ကုန်ချော ထုတ်လုပ်နိုင်သည့် နည်းပညာ
ပိုင်းဆိုင်ရာများနှင့် ရင်းနှီးမြှုပ်နှံမှု မရှိ၍ ပြည်ပသို့
ကုန်ကြမ်းအဖြစ် တင်ပို့နေရဆဲဖြစ်သည်။
ထိုသို့ တင်ပို့ရာတွင်လည်း အရည်အသွေးနိမ့်ကျမှုကြောင့် ဈေးကောင်းမရရှိသည့် အနေအ ထားရှိသည်ဟု ဥက္ကဋ္ဌ နိုင်ကျန်ရစ် က ပြောသည်။
မွန်ပြည်နယ်တွင် ရော်ဘာ ကို အဓိကစီးပွားရေးလုပ်ငန်းတစ် ခုအဖြစ် လုပ်ကိုင်နေပြီး ပြည်နယ် တစ်ခုလုံး၌ ရော်ဘာစိုက်ပျိုးမြေ ဧက ငါးသိန်းခန့်ရှိသည်။
Credit-7Daydaily
ထိုသို့ တင်ပို့ရာတွင်လည်း အရည်အသွေးနိမ့်ကျမှုကြောင့် ဈေးကောင်းမရရှိသည့် အနေအ ထားရှိသည်ဟု ဥက္ကဋ္ဌ နိုင်ကျန်ရစ် က ပြောသည်။
မွန်ပြည်နယ်တွင် ရော်ဘာ ကို အဓိကစီးပွားရေးလုပ်ငန်းတစ် ခုအဖြစ် လုပ်ကိုင်နေပြီး ပြည်နယ် တစ်ခုလုံး၌ ရော်ဘာစိုက်ပျိုးမြေ ဧက ငါးသိန်းခန့်ရှိသည်။
Credit-7Daydaily
No comments:
Post a Comment