Ministry Of Commerce , Department Of trade, Muse 105 Mile Trade Zone, blogSpot

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Blog မှ ကြိုဆိုပါ၏

Thursday, October 20, 2016

နယ်စပ်မှ တင်ပို့သည့် တစ်ဆင့်ခံပို့ကုန်များကို အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုရန် ကုန်သည်များလိုလား


Byြ ပည်သိမ်း 7Daydaily

နယ်စပ်ကုန်သွယ်ရေး ဖြင့် တင်ပို့နေသည့် တစ်ဆင့်ခံ ပို့ကုန်များ တင်ပို့ခွင့်ကို အွန်လိုင်း စနစ်ဖြင့် ခွင့်ပြုပါက ကုန်သွယ်မှု ပိုမိုမြန်ဆန်လာမည်ဟု မူဆယ်မြို့ ရှိ ကုန်သည်အချို့က ပြောသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးသည် တစ် ဆင့်ခံပို့ကုန်များကို အွန်လိုင်းစနစ်ပြောင်းလဲရန် ပြင်ဆင်နေသည်။ ကုန်သွယ်မှု လျင်မြန်ရေးအတွက် အွန်လိုင်းစနစ်ကို ပြောင်းလဲရန် စီစဉ်ရခြင်းဖြစ်သည်ဟု အဆိုပါ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။
တစ်ဆင့်ခံ ကုန်သွယ်ရေး ဖြင့် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှု ကို ယခင်အစိုးရလက်ထက်က စတင်ခဲ့သည်။ မြန်မာနိုင်ငံ ပို့ကုန် ကဏ္ဍတိုးမြှင့်ရေး၊ မြန်မာနိုင်ငံအ တွင်းရှိ ကုန်သည်များ လုပ်ငန်း တွင်ပြီး အကျိုးအမြတ်ရရှိရေးအ တွက် တစ်ဆင့်ခံပို့ကုန်ကို စီးပွား/ ကူးသန်းဝန်ကြီးဌာနက ခွင့်ပြုပေး ခဲ့သည်။
လက်ရှိ စီးပွား/ကူးသန်းဝန် ကြီးဌာနမှ တစ်ဆင့်ခံပို့ကုန် သကြား၊ စက်သုံးဆီများ အပါအ ဝင် ကုန်ပစ္စည်းအမည်ပေါင်း ၁၄ မျိုးကို ခွင့်ပြုထားသည်။
တစ်ဆင့်ခံ ကုန်သွယ်ရေး ဖြင့် မြန်မာနိုင်ငံမှ အများဆုံးပို့ ကုန်မှာ သကြားဖြစ်ပြီး တစ်ရက် လျှင် အိတ်ရေခြောက်သောင်းမှ ရှစ်သောင်းကြား တင်ပို့နေကြောင်းမူဆယ်မြို့မှ ကုန်သည်ဦးမင်းသိန်း က ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံမှ ကုန်သည်များသည် မူဆယ်နယ်စပ်မှ မြန်မာ့ပို့ကုန်များကို ဝယ်ယူရာ၌ တရုတ်နိုင်ငံတွင် လိုအပ် ချက်များသည့် သကြားတစ်မျိုး သာဖြစ်သည်။ တရုတ်ကုန်သည်များက မြန်မာသကြားကို တစ်အိတ်လျှင် ယွမ် ၂၄၀ ကျော် ပေးဝယ်ကြောင်း သိရသည်။

No comments:

Post a Comment