Ministry Of Commerce , Department Of trade, Muse 105 Mile Trade Zone, blogSpot

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Blog မှ ကြိုဆိုပါ၏

Monday, August 29, 2016

မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် Winrock International တို့ပူးပေါင်း၍ အပူပိုင်းဒေသ ဖရဲသခွား ကဏ္ဍတိုးတက်ရေး စီမံကိန်းလုပ်ဆောင်လျက်ရှိရာ စီမံကိန်းထဲမှ အပိုင်းတစ်ခုဖြစ်သော ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူလုပ်ငန်းရှင်များနှီးနှောဖလှယ်ပွဲ တက်ရောက်

အမေရိကန်အခွန်ထမ်းပြည်သူများ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် Winrock International တို့ပူးပေါင်း၍ အပူပိုင်းဒေသ ဖရဲသခွား ကဏ္ဍတိုးတက်ရေး စီမံကိန်းလုပ်ဆောင်လျက်ရှိရာ စီမံကိန်းထဲမှ အပိုင်းတစ်ခုဖြစ်သော ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ်သူများနှင့် တင်ပို့ရောင်းချသူလုပ်ငန်းရှင်များနှီးနှောဖလှယ်ပွဲကို ယနေ့ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် မူဆယ်ကုန်စည်ဒိုင် အသင်းရုံးခန်းတွင် ကျင်းပလျက်ရှိပါသည်။ ယင်းအခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ၊ ကုန်သွယ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး၊ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း၊
ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်နှင့် အတွင်းရေးမှူးများ၊ Winrock International မှ Mr. John Haydu, Mr. Cambell ၊ မူဆယ်ကုန်စည်ဒိုင်မှ ဥက္ကဋ္ဌ ဦးစိုင်းမောင်ညွှန့်၊ ဒု- ဥက္ကဋ္ဌ ဦးစိုင်းမြင့်ဗိုလ်၊ အတွင်းရေးမှူး ဦးစိုင်းခင်မောင်၊ မူဆယ်ကုန်စည်ဒိုင်မှ ပွဲရုံလုပ်ငန်းရှင်များ၊ အကျိုးဆောင်များ၊ ကုန်သည်များနှင့် ဖရဲသခွားမွှေး စိုက်ပျိုးထုတ်လုပ်သူများ စုစုပေါင်း ၈၂ ဦးတက်ရောက်ဆွေးနွေးလျက်ရှိပါသည်။









No comments:

Post a Comment