Ministry Of Commerce , Department Of trade, Muse 105 Mile Trade Zone, blogSpot

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Blog မှ ကြိုဆိုပါ၏

Monday, August 29, 2016

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့်ရှိ မြန်မာနိုင်ငံထွက်ပျားရည် ၂၄ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို

  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် သြဂုတ်လ ဒုတိယပတ် ကာလအတွင်း အမေ ရိကန်ဒေါ်လာ ၁၇၅၀ တန်ဖိုးရှိ မြန်မာနိုင်ငံထွက်ပျားရည် ၂၄ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ဇူ လိုင်လအတွင်းက ပျားရည်တင်ပို့မှုမရှိဘဲ ဇွန်လမှာတော့ ၃၆ တန်ခွဲတင်ပို့ ခဲ့တယ်လို့ သိရပါတယ်။
    မြန်မာ့ပျားရည်ကို ပြည်တွင်းသုံးစွဲမှုထက် ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့ရကြောင်း၊ ပျားရည်ကို ပြည်တွင်းမှာ ဆေးဝါးအနေနဲ့သာအသုံးပြုပြီး ပြည်ပနိုင်ငံတွေကတော့ သကြားအစားပျားရည် စားသုံးကြောင်း၊ အအေးပိုင်းနိုင်ငံတွေ မှာ ပျားရည်ကို အဓိကထားပြီး သုံးစွဲကြကြောင်း၊ ပျားလုပ်ငန်းဌာနမှ သတင်းရရှိပါတယ်။

Credit မော်မော်အောင်

No comments:

Post a Comment