Ministry Of Commerce , Department Of trade, Muse 105 Mile Trade Zone, blogSpot

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Blog မှ ကြိုဆိုပါ၏

Saturday, October 29, 2016

မိုးစပါးအသစ်ပေါ်ချိန် တွင် ဈေးဆက်တိုက်ကျဆင်းမှု လျှော့ချနိုင်ရန် ဒေသခံ ဆန်စက်လုပ်ငန်းရှင်များ စပါးအပ်ကုန်စနစ်ဖြင့် ၀ယ်ယူထားရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီစဉ်

By ပြည်သိမ်း 7daydaily
ယခုနှစ်တွင် တရုတ်နိုင်ငံမှ ဆန်အ၀ယ်လျော့နည်းသွားခြင်း ကြောင့် ပြည်တွင်း၌ စပါးနှင့်ဆန် လက်ကျန်များနေသဖြင့် မိုးစပါး ပေါ်ချိန်တွင် စပါးဈေးကျဆင်းနိုင် မည်ဟု ကုန်သည်များက ဆိုသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနသည် စပါးဈေးကျဆင်းမှုကို ကာကွယ် ရန် လယ်သမားများထံမှစပါးများကို အပ်ကုန်စနစ်ဖြင့် ဒေသခံဆန်စက် ပိုင်ရှင်များက ၀ယ်ယူထားပေးရန် တိုင်းနှင့် ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များထံသို့ စာများ ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသောင်းဝင်းက ပြောသည်။ ‘‘စက်ပိုင်တွေမှာက အရင်း အနှီးငွေကြေးရှိတယ်၊ ဂိုဒေါင်တွေ ရှိတယ်။ ဈေးနှုန်းတစ်ခုနဲ့ ခေတ္တ ၀ယ်ထားပေးပြီး ဈေးမြင့်ရင် အ မြင့်ဈေးနဲ့ လယ်သမားက ရောင်း နိုင်တယ်။ ဂိုဒေါင်ပိုင်ရှင်ကလည်း သိုလှောင်စရိတ်ရတာပေါ့’’ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းဝင်းက ပြောကြားသည်။ အပ်ကုန်စနစ်ဖြင့် စပါးဝယ် ယူပေးခြင်းသည် လက်ရှိအချိန် တွင် လုပ်ကိုင်သင့်သည့် လုပ်ငန်း တစ်ခုဖြစ်သော်လည်း ဆန်စက် ပိုင်ရှင်များတွင် အခြောက်ခံစက် လိုအပ်နေသည်။ ထို့အပြင် သိုလှောင်ထားရမည့် ဂိုဒေါင်များက လည်း လုံခြုံစိတ်ချရန် လိုအပ်ကြောင်း ဦးသောင်းဝင်းက ပြောကြားသည်။ မိုးစပါးအသစ်သည် ပဲခူးတိုင်း ဒေသကြီးအရှေ့နှင့် အနောက်မှ စပါးအသစ်များ ဈေးကွက်အတွင်း သို့ ၀င်ရောက်နေပြီး ရှေ့လများ တွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း အပါအ၀င် ဒေသစုံမှ စပါးများ ထွက်ပေါ်လာမည်ဟု ဆန်ကုန် သည်အချို့က ဆိုသည်။ စပါး ပေါက်ဈေးမှာ လက်ရှိတွင် အစိုဓာတ်များသည် စပါးအမျိုးအစားတင်းတစ်ရာလျှင် ကျပ်သုံးသိန်းခွဲ ခန့်ရှိကြောင်း သိရသည်။ လက်ရှိမိုးစပါးပေါ်ချိန်တွင် စပါးဈေး ကျဆင်းနေခြင်းကြောင့် လယ်သမားများ ရောင်းချရန်အ ခက်အခဲဖြစ်နေပြီး လက်ရှိစပါး ပေါက်ဈေးသည် လယ်တစ်ဧက ကုန်ကျစရိတ်အောက်ရောက်ရှိ နေသဖြင့် စားဝတ်နေရေး ခက်ခဲ ရသည်ဟု ဓနုဖြူမြို့နယ်မှ လယ် သမားဦးသိန်းအောင်က ဆိုသည်။ ယခုနှစ် လယ်တစ်ဧကအတွက် ကုန်ကျစရိတ်သည် ကျပ် ၃၅၀,၀၀၀ ကျော်ရှိကြောင်း သိရသည်။

No comments:

Post a Comment