အမေရိကန်၊
ထိုင်း၊စင် ကာပူနှင့် ဥရောပနိုင်ငံများသို့တိုး
မြှင့်တင်ပို့နေမှုကြောင့်တရုတ်နိုင် ငံသို့ မြန်မာ့ရေထွက်ကုန်တင်ပို့မှု
ငါးနှစ်ဆက်တိုက်ကျဆင်းလျက်ရှိ ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်
ဆည်မြောင်းဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်တင်ပို့မှုမှာ လေးနှစ်ဆက်တိုက်ကျဆင်းခဲ့ပြီး ၂၀၁၅- ၁၆တွင် ပြန်လည်မြင့်တက်ခဲ့သည်။ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ငါးနှစ်ဆက်တိုက်ကျဆင်းနေခြင်းဖြစ်ပြီး ထိုင်း၊ စင်ကာပူနှင့်မလေးရှားနိုင်ငံများသို့ တင်ပို့မှုများ မြင့်တက်လျက်ရှိသည်။
ဈေးကွက်ရွေးချယ်ခွင့်မရှိခဲ့ ၍ မြန်မာ့ ရေထွက်ကုန်များကို တရုတ်နိုင်ငံသို့ ပမာဏအများဆုံးတင်ပို့နေသော်လည်း ဦးသိန်းစိန်အစိုးရလက်ထက်မှစ၍ နိုင်ငံတကာဈေးကွက်အခွင့်အလမ်းရရှိခဲ့ ခြင်းဖြစ်သည်။
‘‘အရင်ကတော့ ဈေးကွက် ကို ရွေးချယ်လို့မရဘူး။ တရုတ် ကို မပို့ရင်တခြားပို့စရာများများ စားစားမှမရှိတာ။ အမြဲတမ်းဈေး နှိမ်ပြီး ၀ယ်နေတဲ့တရုတ်ထက် ဈေးနှုန်းပိုရတဲ့ တခြားနိုင်ငံတွေကို စပို့လာလို့ပဲ’’ ဟု မြန်မာနိုင်ငံရေ ထွက်ကုန် ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းဒုဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ရေထွက်ကုန်တန် ချိန် ၉၂,၇၈၀တင်ပို့ခဲ့ပြီး အမေရိ ကန်ဒေါ်လာ ၂၅၉သန်းရရှိခဲ့သော် လည်း ငါးနှစ်ဆက်တိုက်ကျဆင်း လာရာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် ၌ တန်ချိန် ၇၈,၇၂၀ တင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၁၆၁သန်းအ ထိ ကျဆင်းခဲ့ခြင်းဖြစ်သည်။
‘‘နောက်ဆိုရင်တော့ တရုတ် နိုင်ငံကို တင်ပို့မှုက နည်းလာပြီး တခြားနိုင်ငံတွေ တင်ပို့မှုက တ ဖြည်းဖြည်း များလာမယ်။ အခု တော့ အမေရိကန်ဆန်ရှင်လွတ်ပြီ ဆိုတော့ အခွန်က ဇီးရိုးဖြစ်လာပြီ လေ။ ဈေးနှုန်းပိုပေးမယ့် နိုင်ငံ တွေကို ဈေးကွက်ချဲ့ထွင်ဖို့ကြိုး စားနေတယ်’’ ဟု ရေထွက်ကုန် တင်ပို့သော ဒေါပုံမြို့နယ်မှ ကုန် သည်တစ်ဦးကပြောသည်။

No comments:
Post a Comment