Ministry Of Commerce , Department Of trade, Muse 105 Mile Trade Zone, blogSpot

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Blog မှ ကြိုဆိုပါ၏

Wednesday, October 12, 2016

ဆေးနှင့် ဆေးပစ္စည်းများ ၁၀ ရာခိုင်နှုန်းခန့် ဈေးမြင့်တက်


By
ဟေမာန်ညီညီ
အမေရိကန်ဒေါ်လာဈေး မြင့်တက်နေခြင်းက ဆေးဝါးများ ဈေးမြင့်တက်စေသည်။
ဆေးဝါးဈေးကွက်အ တွင်း ဆေးပစ္စည်း ဈေးနှုန်းများ ၅ ရာခိုင်နှုန်းမှ ၁၀ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း သတင်းရရှိသည်။
ယခုလပိုင်းအတွင်း ဒေါ်လာ ဈေးတစ်ဒေါ်လာလျှင် ၁,၂၈၀ကျပ် ကျော်လာပြီးနောက် ဆေးဝါးတင်သွင်းသည့်ကုမ္ပဏီများမှ ဆေးဝါးဈေးနှုန်းများကို စက်တင်ဘာလမှစ၍ ယခုကဲ့သို့ ပြောင်းလဲသတ်မှတ်ခြင်းဖြစ်သည်ဟု ပြည် ပမှ ဆေးဝါး တင်သွင်းရောင်းချ သည့် ကုမ္ပဏီနှင့် လက်လီလက် ကားအရောင်းဆိုင်အချို့က ဆို သည်။
‘‘ဆေးဝါးတင်သွင်းတဲ့ကုမ္ပ ဏီတိုင်းက ၅ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက်အထိတက် သွားတယ်။ ဆေးအားလုံး ဈေး တက်သွားတယ်။အခုဒီလကုန်ပြီး ၁ ရက်၊ နှစ်ရက်မှာပဲ တက်တာ။ ဒေါ် လာဈေးက တောက်လျှောက် တက်လာတာ။ တစ်ဒေါ်လာ ၁,၁၀၀ကျော်တုန်းက ဆေးပစ္စည်း ဈေးမတက်ခဲ့ဘူး။ ကုမ္ပဏီတစ်ခု နှစ်ခုလောက်ပဲတက်တာတွေ့ တယ်။ အခုကျတော့ ဒေါ်လာဈေး က ၁,၂၈၀ ကျော်သွားပြီ။ သုံးလလောက် ဆေးဈေးမတက်ဘဲ တောင့်ခံလာတဲ့ ကုမ္ပဏီတွေ လည်းမရတော့ဘူး။ မတက်မဖြစ် တက်ရတော့တာပဲ’’ဟု ပြည်ပမှ ဆေးဝါးတင်သွင်းသည့်ကုမ္ပဏီ တစ်ခု၏ ဈေးကွက်မန်နေဂျာတစ် ဦးကပြောသည်။
ယခုကဲ့သို့ ဆေးဝါးများဈေး တက်လာခြင်းကြောင့် ဈေးကွက် အနေအထားတစ်ပတ် ဆယ်ရက် ခန့်ငြိမ်သက်နိုင်သော်လည်း မရှိမဖြစ်လူသုံးကုန်ဈေးကွက်တစ်ခုဖြစ်သဖြင့် မကြာမီ ပုံမှန်ပြန်ဖြစ်သွားမည်ဖြစ်ကြောင်း၊ ဒေါ်လာဈေးမှာ ၁,၂၀၀ ကျော် ပတ်ချာလည်သာဆက်ဖြစ်နေပါက ဆေးဈေးကျနိုင်ဦးမည်မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။
‘‘ဒေါ်လာဈေး တစ်ဒေါ်လာ ၁,၁၅၀လောက်က ပစ္စည်းသွင်း ထားတယ်။ အခုအဲဒီပစ္စည်းထုတ် ရောင်းပြီး ပြန်သွင်းမယ်ဆိုရင်တစ် ဒေါ်လာကို ၁,၂၈၀ကျော်နေပြီ။ ကုမ္ပဏီဘက်က ဈေးမတက်ရင် သူရှုံးမယ်။ ကုမ္ပဏီဘက်ကလည်း အမြတ်အရှုံးတွက်ရသေးတယ်။ ဒေါ်လာဈေး ၁,၂၀၀ပတ်ချာလည် ရှိနေသရွေ့ဈေးကျဖို့မမြင်ဘူး။ ဈေးကျဖို့အတွက် သေချာစောင့် ကြည့်ဦးမှာပဲ။ ၁,၂၀၀အောက်ဖြစ် သွားရင်တော့ ဈေးပြန်ကျသွားမှာ ပါ’’ဟု ပြည်ပဆေးဝါးတင်သွင်း သည့် ကုမ္ပဏီမှ ဈေးကွက်မန်နေ ဂျာကဆိုသည်။
လူသုံးကုန်ဆေးဝါးများဖြစ် သည့် အားဆေး၊ ယားနာလိမ်း ဆေး၊ အနာလိမ်းဆေးအရည်၊ သွေးကျဆေးများမှာ ၅ရာခိုင်နှုန်း မှ ၇ ရာခိုင်နှုန်းအထိ တက်သွား သည်ဟု ဆေးဝါး လက်ကားအ ရောင်းဆိုင်အချို့ကဆိုသည
‘‘ယားနာလိမ်းဆေးတချို့ဆို တစ်ဘူးကို ၇၅၅ကျပ်ကနေ ၈၀၅ ကျပ်လောက်အထိတက်တယ်။ သွေးကျဆေးဆိုလည်းတစ်ကတ် ကို ၄,၅၀၀ ကနေ ၄,၇၅၄ ကျပ် လောက်အထိတက်တယ်။ ဒေါ်လာဈေးတက်လို့ ဆေးဈေးတက်တာ။ ဒီနှစ်ထဲမှာ နှစ်ကြိမ်ရှိပြီ။ အရောင်းအ၀ယ်လည်း သိပ်မ ကောင်းဘူး’’ ဟု ရွှေပြည့်စုံဈေးမှ ဆေးဝါးလက်ကားအရောင်းဆိုင် ရှင်တစ်ဦးကပြောသည်
ဆေးဝါးဈေးကွက်အတွင်း BPI ထုတ်ဆေးဝါးများ ၅ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိဈေး တက်သွားပြီး ကုမ္ပဏီသွင်းဆေး ၀ါးများသည် အများစု ၅ ရာခိုင်နှုန်းမှ ၇ရာခိုင်နှုန်းခန့်ဈေးတက်ပြီး ရောင်းချကြောင်း၊ ဒေါ်လာဈေးပြန်ကျသည့် အချိန်တွင် ဆေးဝါး ဈေးကွက်လည်း ပြန်ချစေလိုကြောင်းအောင်တံခွန်ဆေးဆိုင်မှ ဒေါက်တာကျော်ဇင်လင်းက ဆိုသည်။
‘‘စက်တင်ဘာလကုန်ကစ ပြီး ဆေးတွေဈေးတက်တယ်။ ဆေးကုမ္ပဏီတွေဘက်ကလည်း စက်တင်ဘာ ၂၀ရက် နောက်ပိုင်းကတည်းက တက်ဖို့အစီအစဉ်တွေ ဆွဲထားပြီးသား။ ဒေါ်လာဈေး တက်လို့ ဆေးဈေးတွေတက်ရ တယ်ဆိုရင် ဒေါ်လာဈေးပြန်ကျ ရင်လည်း ဈေးပြန်ချပေးဖို့ လို တယ်။ ဆေးခန်းလည်းထိုင်တော့ ဆရာဝန်တွေအတွက်ကျနည်း နည်းခက်ခဲတာပေါ့။ ဆေးတွေ ဈေးတက်ပေမယ့် လူနာကိုတော့ ဆေးဝါးကုသခဈေးမတက်ကြပါ ဘူး’’ဟု ၎င်းကပြောသည်။

5 comments:

  1. Amazing blog! I really like the way you explained such information about this post with us. And blog is really helpful for us. conceiva-mezzmo-crack

    ReplyDelete
  2. Thank you, I’ve recently been searching for information about this subject for a long time and yours is the best I have found out so far.Easeus Data Recovery Crack

    ReplyDelete
  3. It is your absolute best aide to get Spotify tunes, convert Spotify tracks to MP3, order Spotify library, and so forth On a note, it gives an incredible across the board answer for fulfill your necessities of saving and downloading Spotify sound for practically any contraption. Coolmuster Android Assistant 4.10.41 + Crack 2022

    ReplyDelete
  4. I am very thankful for the effort put on by you, to help us, Thank you so much for the post it is very helpful, keep posting such type of Article.
    Bootstrap Studio Crack
    Zoom Cloud Meetings Crack

    ReplyDelete