Ministry Of Commerce , Department Of trade, Muse 105 Mile Trade Zone, blogSpot

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Blog မှ ကြိုဆိုပါ၏

Friday, October 14, 2016

အမေရိကန်ကုန်သည်များအသင်းဟာ မိုးကုတ်မြို့ရှိ ကျောက်မျက်လုပ်ငန်းရှင် များအသင်းနှင့်တွေ့ဆုံ

အောက်တိုဘာလ (၁၀) ရက်နေ့က မိုးကုတ်ကို လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်ကုန်သည်များအသင်းဟာ မိုးကုတ်မြို့ရှိ ကျောက်မျက်လုပ်ငန်းရှင် များအသင်း၊ ထာပွဲကျောက်ကုန်သည်များအသင်းနဲ့ တခြားအဖွဲ့အစည်းအ သီးသီးနဲ့ တွေ့ဆုံခဲ့ပါတယ် ။
အနာဂတ်မှာ မိုးကုတ်က ထွက်တဲ့ ကျောက်တွေကို ၀ယ်ယူသွားမယ့် အရေးအပြင် ၊ လက်တွဲလုပ်ဆောင်လိုတဲ့ အပိုင်းတွေကို ဆွေးနွေးခဲ့ပါတယ် ။
ကျောက်တွင်းတူးတဲ့ကုမ္ပဏီတွေ ၊ ကျောက်တွင်းတူးတဲ့ သူတွေနဲ့ တွေ့ဆုံခဲ့သလို ကျောက်ဈေးကိုလည်း သွားရောက်ခဲ့ပြီး ကျောက်ကုန်သည်လုပ်ငန်းရှင်များအသင်းနဲ့ လည်း တွေ့ခဲ့ပါတယ် ။အမေရိကန်ကျောက်ကုန်သည်အသင်းရဲ့ လာရောက်တွေ့ဆုံ ကမ်းလှမ်းခဲ့တဲ့ ခရီးစဉ်ကြောင့် ကျောက်အရောင်း အ၀ယ်ဈေးကွက် ရပ်နေတာကြာပြီဖြစ်တဲ့ မိုးကုတ်မြို့ခံတွေ အတွက် မျှော်လင့်ချက်တွေ ဖြစ်လာရတယ်လို့ ဆိုပါတယ် ။
အရင်က မိုးကုတ်ကထွက်ရှိတဲ့ ကျောက်တွေကို ထိုင်း ဘက်ကမ်းမှာ အမေရိကန်ဝယ်လက်ကို အောက်ဈေးနဲ့ ရောင်းနိုင်ဖို့ ကြိုးစားခဲ့ရပေမယ့် တိုက်ရိုက်အခုလိုလာရောက်ကမ်းလှမ်းလာတဲ့အတွက် ကျောက်ဈေးကွက် ပြန်လည်အသက်ဝင်လာဖို့ မျှော်လင့်ကြတယ်လို့ ဆိုပါတယ် ။
သတင်းထောက် …………. မိုးဇော် ( မိုးကုတ်သတင်းထောက်)

No comments:

Post a Comment