Ministry Of Commerce , Department Of trade, Muse 105 Mile Trade Zone, blogSpot

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Blog မှ ကြိုဆိုပါ၏

Tuesday, October 11, 2016

တစ်ပတ်အတွင်း အမေရိကန် တစ်ဒေါ်လာ ၃၅ ကျပ်ခန့်ကျဆင်း


Credit 7Daydaily.com 
October 11, 2016
ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များကို ဒေါ်လာဈေးမကစား ရန် ခေါ်ယူ သတိပေးပြီနောက် တစ်ပတ်အတွင်း အမေရိကန်တစ် ဒေါ်လာလျှင် ၃၅ ကျပ်ခန့်ဈေး ကျ ဆင်းသွားကြောင်း သတင်းရရှိ သည်။
အမေရိကန် ဒေါ်လာဈေး သည် ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များကို ခေါ်ယူသတိပေး သည့် အောက်တိုဘာ ၄ ရက်က ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ လျှင် ၁,၂၉၀ ကျပ်ရှိရာမှ အောက် တိုဘာ ၁၀ ရက်တွင် တစ်ဒေါ်လာ လျှင် ၁,၂၅၅ ကျပ်သို့ ကျဆင်းလာ သည်။
ဒေါ်လာဈေးသည် ယခုရက် ပိုင်းအတွင်း ဆက်တိုက်ဈေးကျ နေပြီး ဆက်လက် ကျဆင်းနိုင် သည်ဟု ပြည်ပပို့ကုန်လုပ်ငန်းရှင် အချို့က ခန့်မှန်းသည်။
စက်တင်ဘာက စတင်၍ အမေရိကန်ဒေါ်လာဈေးသည် အ တအကျ များသဖြင့် ပို့ကုန်သွင်း ကုန်လုပ်ငန်းရှင်များ အခက်အခဲ ဖြစ်ရကြောင်း ပြည်ပသို့ ဆန်တင် ပို့နေသည့် လုပ်ငန်းရှင် ဦးမျိုးသူ ရအေးက ပြောကြားသည်။
ငွေဈေးနှုန်း မတည်ငြိမ်ခြင်း သည် လက်ရှိအစိုးရအတွက် စိန် ခေါ်မှုတစ်ခုဖြစ်နေပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှုအ တွက် အတားအဆီးဖြစ်နေကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်း ဇင်က ပြောကြားသည်။
ပြည်တွင်း ရွှေဈေး တစ်ပတ်အတွင်း ကျပ်ငါးသောင်းကျော် ပြန်လည်ကျဆင်း
အခက်အခဲများကြောင့် အများပိုင်ယာဉ်လိုင်းများ လာမည့်နှစ်ဆန်းပိုင်းမှသာ စတင်ပြေးဆွဲနိုင်မည်
တရုတ်ဘဏ်က မွေးမြူရေး လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းချေးရန် စီစဉ်ဟုဆို
ပြင်ပဈေးကွက်တွင် ကန်ဒေါ်လာဈေး ၂၅ ကျပ်ခန့် ပြန်ကျ
ကားအရောင်းပြခန်းများကို စိစစ်ခွင့်ပြုနေပြီး တစ်လလျှင် သုံးခုမှငါးခုသာ ခွင့်ပြုဟုဆို

No comments:

Post a Comment