Ministry Of Commerce , Department Of trade, Muse 105 Mile Trade Zone, blogSpot

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Blog မှ ကြိုဆိုပါ၏

Friday, September 23, 2016

ပြည်သစ်သီးဝလံ ဈေးကွက်သို့ သြဇာသီးများ စတင်ဝင်ရောက်လာ


အတွဲ(၁၆)၊အမှတ်(၃၅)commerce jounal
ပြည်သစ်သီးဝလံ ဈေးကွက်သို့ ပြည်ဒေသထွက် သြဇာသီးများ စတင်ဝင်ရောက်လာတာ တွေ့ရပါတယ်။ ပေါ်ဦး ပေါ်ဖျား အသီးများဖြစ်၍ ဈေးကောင်းရလျက်ရှိနေပါတယ်။ ပြည်မြို့ဒေသ အနီးတ၀ိုက်ဖြစ်တဲ့ မှော်ဇာ၊ ဇီးအုပ်၊ ဖိုးဦးတောင်၊ ရွှေဘုံသာ စတဲ့ အနောက်ဘက်ကမ်းဒေသများမှ ၀င်ရောက်လာတာ ဖြစ်ပါတယ်။ဈေးကွက်အတွင်း သြဇာသီး ရာခြင်းဈေးကတော့ (အချော) ၃၅၀ ကျပ်နှင့် (လတ်) ၃၀၀ ကျပ် (သေး) ၂၀၀ ကျပ်တို့ ဖြစ်ပါတယ်။ အသီးလှိုင်လှိုင် မရှိသေးတာကြောင့် ဈေးမြင့်နေသော်လည်း အရောင်းအ၀ယ်ကတော့ အကုန် ဖြစ်လျက်ရှိနေပါတယ်။ သြဇာသီး ပေါ်စဖြစ်လို့လည်း ဒေသတွင်းဈေးကွက်မှာ ၀င်လာသမျှ  အရောင်းအ၀ယ်သွက် လျက်ရှိနေပါတယ်။ ယခုတစ်ပတ် ရက်ပိုင်းအတွင်း အလုံး ၅၀ ၀င်ခြင်း ၅၀ မှ ၆၀ခန့် ပုံမှန်ဝင်ရောက်နေပြီး အရောင်း အ၀ယ်အကုန်ဖြစ်ကြောင်းလည်း သိရပါတယ်။
credit     နီနီဝင်း
 http://www.commercejournal.com.mm/%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/%E1%80%BB%E1%80%95%E1%80%8A%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8%E1%80%85%E1%80%AE%E1%80%B8%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8/17786
commerce jounalမှ တဆင့် ကူးယူဖော်ပြသည်

No comments:

Post a Comment