Ministry Of Commerce , Department Of trade, Muse 105 Mile Trade Zone, blogSpot

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Blog မှ ကြိုဆိုပါ၏

Thursday, September 22, 2016

ပြည်ပပို့ကုန် တိုးမြှင့် တင်ပို့နိုင်ဖို့


 
 အတွဲ(၁၆)၊အမှတ်(၃၅) commerce journal
 မြန်မာနိုင်ငံ၏ လက်ရှိကုန်သွယ်မှုအခြေအနေကို လေ့လာကြည့်ရင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလ ပထမပတ်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်း  ၅၀ဝ၀ ကျော်၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၆၅၀ဝ ကျော်ရှိပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏအနေဖြင့် အမေရိကန် ဒေါ်လာသန်း ၁၁၀ဝ၀ ကျော်ရှိရာ ယခင်နှစ် အလား တူကာလနှင့် နှိုင်းယှဉ်ကြည့်ပါက ပို့ကုန်တင်ပို့ မှုတွင်
အမေရိကန်ဒေါ်လာ သန်း ၃၀ဝ ကျော်ပိုမို တင်ပို့နိုင်ကြောင်း သိရှိရပါတယ်။ သွင်းကုန် တင်သွင်းမှုအနေဖြင့်  အမေရိကန် ဒေါ်လာသန်း ၄၂၆ ကျော် လျော့နည်း တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရပါတယ်။
       ဒီနှစ်မှာ ပိုမိုတင်ပို့နိုင်တဲ့ ပစ္စည်းတွေကတော့ CMP ချုပ်ပြီးအထည်က တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၅၀ဝ ကျော် ၊ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သော မတ်ပဲတန် ဖိုး အမေရိကန် ဒေါ်လာသန်း ၁၀ဝ ကျော်၊ ပဲတီစိမ်းအမေရိကန် ဒေါ်လာသန်း ၅၀ ကျော်၊ မြေပဲဆန်အမေရိကန်ဒေါ်လာသန်း ၂၄ သန်း တင်ပို့ နိုင်ခဲ့ ကြောင်း ၊ Value Added အနေဖြင့် သစ်ပါးလွှာနဲ့အထပ်သား အမေရိကန်ဒေါ်လာ သန်း ၂၄ သန်းကျော်၊ ရေထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၃၃ သန်းနှင့် Re-export စနစ်နဲ့ တင်ပို့တဲ့ သကြား အမေရိ ကန်ဒေါ်လာ ၄၇၅ သန်းကျော် ပိုမိုတင်ပို့နိုင် ကြောင်း စုံစမ်းသိရှိရပါတယ်။
       ယခင်နှစ်ထက် လျော့နည်းတင်ပို့တဲ့ အဓိက ပို့ကုန်ဖြစ်တဲ့ အမေရိကန်ဒေါ်လာသန်း ၇၇၀ ကျော် တန်ဖိုးရှိတဲ့ သဘာဝ ဓာတ်ငွေ့တင်ပို့မှု  ကျဆင်းတာကို ကြည့်ခြင်းအာြး ဖင့် သဘာဝ သယံဇာတပစ္စည်းများ ထုတ်လုပ်ထွက်ရှိမှုနှင့် ကမ္ဘာ့ဈေးကွက် ပေါ်တွင် မူတည်၍ ဈေးနှုန်းများ ကျဆင်းခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ရရှိပါတယ်။ ကျောက် စိမ်း၊ သတ္တုနဲ့ သတ္တုရိုင်းများတင်ပို့မှုကတော့ အမေရိကန်ဒေါ်လာ သန်း ၃၀ဝ ကျော် လျော့နည်းနေတာ တွေ့ရပါတယ်။ လယ်ယာထွက်ကုန်ပစ္စည်း များအနေနှင့် အမေရိကန်ေ ဒ်ါလာသန်း ၄၀ တန်ဖိုးရှိ ဆန်တန်ချိန် တစ်သိန်းကျော် ၊အမေရိကန်ဒေါ်လာ ၃၂ သန်းတန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ကိုးသောင်းကျော်၊ အမေရိကန် ဒေါ်လာ သန်း ၅၀ တန်ဖိုးရှိြေ ပာင်း  တန်ချိန် တစ်သိန်းလေးသောင်းကျော် လျော့နည်းတင်ပို့ခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ ဆန်တင်ပို့မှု မှာ ပြည်ပဝယ်လိုအားနဲ့ဈေးနှုန်း ကျဆင်းမှုရှိတဲ့အပြင် မိမိပြည်တွင်း ဆန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့်  တင်ပို့မှုလျော့နည်းရ ခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ဒီနှစ်မှာ ပြည်ပမှ ပိုမိုတင်သွင်းနိုင်တဲ့ပစ္စည်းတွေကတော့ အမေရိကန်ေ ဒ်ါလာ ၅၈ သန်းတန်ဖိုးရှိဓာတ်မြေဩဇာများ ၊ အမေရိကန်ဒေါ်လာသန်း ၅၀ တန်ဖိုးရှိ မော်တော်ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ၊ အမေရိကန်ဒေါ်လာ ၃၅ သန်း တန်ဖိုးရှိ လုပ်ငန်းသုံး သီးနှံဆီ၊ အမေရိကန်ဒေါ်လာ ၂၈ သန်း တန်ဖိုးရှိ လယ်ထွန် စက်များ ၊  အမေရိကန်ဒေါ်လာ ၂၅ သန်းကျော်  တန်ဖိုးရှိ ဆေးဝါးပစ္စည်းများပိုမို တင်သွင်းနိုင်ခဲ့ကြော င်း သိရှိရပါတယ်။
       ယခင်နှစ်ထက် လျော့နည်းတင်သွင်းတဲ့ အဓိကသွင်းကုန် ပစ္စည်းတွေကတော့ အမေရိကန်ဒေါ်လာ ၆၉၅ သန်းတန်ဖိုးရှိ ရင်းနှီး မြှုပ်နှံမှုပစ္စည်း၊ အမေရိကန်ဒေါ်လာ ၁၆၅ သန်းကျော် တန်ဖိုးရှိ စက်နှင့် စက်ပစ္စည်း ၊ အမေရိကန်ဒေါ်လာ ၁၁၅ သန်း ကျော် တန်ဖိုးရှိ တယ်လီဖုန်းနှင့်ဆက်သွယ်ရေးပစ္စည်းကိရိယာများ ၊ အမေရိကန်ဒ်ါလာ ၈၈ သန်းေ ကျာ်တန်ဖိုးရှိ ရေနံထွက် ပစ္စည်း ၊ အမေရိကန် ဒေါ်လာ ၃၅ သန်းတန်ဖိုးရှိ သံနှင့်သံမဏိပစ္စည်း ၊ အမေရိကန်ဒေါ်လာ ၂၉ သန်း တန်ဖိုးရှိ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် အပိုပစ္စည်း ၊ လူသုံးကုန်ပစ္စည်းများအနေဖြင့် အမေရိကန်ဒေါ်လာ ၈၆ သန်းကျော် တန်ဖိုးရှိ စားအုန်းဆီ လျော့နည်း တင်သွင်းခဲ့ တာ တွေ့ရပါတယ် ။ အဲဒီအချက်တွေကိုကြည့် မယ်ဆိုရင် သွင်းကုန်မှာ အဓိက လျော့နည်းတာက ရင်းနှီးမြှုပ်နှံမှုပစ္စည်း တင်သွင်းမှု ဖြစ်နေတာကို တွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုပစ္စည်း တွေဟာ နိုင်ငံတော်ရဲ့ တည်ဆောက်ေ ရး လုပ်ငန်းတွေ၊ ပုဂ္ဂလိကကဏ္ဍမှ ထုတ်လုပ်မှုလုပ်ငန်း တွေ၊ SME လုပ်ငန်းတွေအတွက် ပြည်ပမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ ယခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုပစ္စည်းတွေ တင်သွင်း မှုမှာ အစိုးရကဏ္ဍအနေနဲ့ တင် သွင်းမှု လျော့နည်းနေတာဖြစ်တယ်လို့ သိရှိရပါတယ်။
       စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် Re-export ကုန်သွယ်မှုအား (သကြား၊ ကွမ်းသီး၊ စက်သုံးဆီ) တို့ကိုေ အာင်မြင်အောင် တင်ပို့နိုင်ခဲ့ပြီး ထပ်မံ၍ အဝတ်အထည် ၊ ကြက်သွန်ဖြူ၊ နှမ်း(ဖြူ/နက်)၊ ငရုတ်သီးခြောက်၊ မြေပဲ၊  ဝါဂွမ်း၊ ပဲပုပ်စေ့ ၊ ချည်မျှင် ၊ သစ်သီးအစို၊ လျှပ်စစ်ပစ္စည်းများ ၊ အလှကုန်ပစ္စည်းများ၊ အချိုရည်အမျိုးမျိုးနဲ့ စားသောက်ကုန် ပစ္စည်းများ၊ စားသုံးဆီ၊ ကားတာယာတို့ကိုလည်း Re-export စနစ်ဖြင့် တင်ပို့ခွင့်ပြုခဲ့ သလို၊ ယခင်ဈေးကွက်ရှိပြီး ဖြစ် တဲ့ အေးခဲအသားကိုလည်း Re-export စနစ်နဲ့ တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ တယ်။ ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရန် ပြည်ပဈေးကွက်များ ရှာဖွေရရှိပြီး ဖြစ်သော်လည်း ပို့ကုန်အမယ်များ အပေါ်မှာ ပြည်ပနိုင်ငံများက ကန့်သတ်ထားရှိတဲ့ ထုတ်လုပ်မှု၊ သတ်မှတ်အမျိုးအစား၊ အရည်အသွေးစတဲ့ အချ က်တွေကြောင့် ပြည်တွင်းလုပ်ငန်း ရှင်များအနေနဲ့ တင်ပို့ရာမှာ အခက်အခဲများရှိနေကြောင်းလည်း စုံစမ်းသိရှိရပါတယ်။
 credit

 


ရှင်မင်းအံ့ (တန့်ဆည်)
http://www.commercejournal.com.mm/coverstory/17772 
commerce journal  မှ ကူးယူဖော်ပြသည်

No comments:

Post a Comment