Ministry Of Commerce , Department Of trade, Muse 105 Mile Trade Zone, blogSpot

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Blog မှ ကြိုဆိုပါ၏

Saturday, September 10, 2016

ဟိုးပုံး(တစ်မိုးအောက်ညီနောင်များ)စမ်းသပ်ထုပ်ပိုးမှုစက်ရုံဖွင့်ပွဲကျင်းပ


ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာ့သစ်သီးဝလံပန်းမန်ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း(MF-VP,SS) ဟိုပုံး သရက်အစုအဖွဲ့နှင့် မြန်မာ - ဂျာမနီ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(GIZ)တို့၏ ဟိုပုံး(တစ်မိုးအောက် ညီနောင် များ)စမ်းသပ် ထုပ်ပိုးမှုစက်ရုံဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၆ ရက်က ဟိုပုံးမြို့နယ် ဟိုပုံးလေး ကျေးရွာ(ဟိုပုံးမြင်းစီးကွင်း) တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
 အခမ်းအနားသို့ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ကော်မတီဝင်များ၊ ပြည်နယ်ဌာနဆိုင် ရာများ၊ရှမ်းပြည်နယ်(တောင်ပိုင်း) မြန်မာ့သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်း သီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သီးနှံအစုအဖွဲ့ ဝင်များ၊ မြန်မာ - ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(GIZ) မှတာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျေးရွာသူ၊ ကျေးရွာသား စုစုပေါင်းအင်အား ၃၀ဝ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။အဆိုပါစက်ရုံကို မြန်မာ - ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(GIZ) က ကျပ် သိန်း ၂၀ဝ၊ ဟိုပုံးသရက် အစု အဖွဲ့နှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကျပ် ၂၂၈သိန်း၊ စုစုပေါင်း ကျပ် ၄၂၈ သိန်း အကုန်အကျခံ တည် ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဟိုပုံးမြို့နယ် အတွင်း ရာသီအလိုက် စိုက်ပျိုးထွက် ရှိသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် များကို၎င်းစက်ရုံ၌ အဓိကထား၍ ထုပ်ပိုးပြီး ဈေးကွက်သို့ တင်ပို့ရောင်းချ သွားမည်ဖြစ်ပါသည်။
အဆိုပါ အခမ်းအနားတွင်ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီး ဌာနမှ ဦးခွန်ကျော်ဋ္ဌေးက ရှမ်းပြည် နယ်(တောင်ပိုင်း)ရှိ အသင်းအဖွဲ့ များ၊ အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊လုပ်ငန်းများလှုပ်ရှား ဆောင်ရွက်မှုနှင့် စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေအကြောင်း များကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ Credit အံ့ကျော
Credit အံ့ကျော်
http://www.myanmartradeportal.gov.mm/index.php?r=site/display&id=1413#.V9PATBKD748
NATIONAL TRADE PORTAL MYANMAR မှ ကူးယူဖော်ပြသည်

No comments:

Post a Comment