Ministry Of Commerce , Department Of trade, Muse 105 Mile Trade Zone, blogSpot

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် Blog မှ ကြိုဆိုပါ၏

Monday, September 5, 2016

မူဆယ်၊ မြ၀တီနဲ့ တာချီလိတ် ကုန်သွယ်ရေးဇုန်နဲ့ကုန်သွယ်ရေးစခန်းများမှကြက်သွန်နီ တင်ပို့



မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ဒုတိယပတ်တွင် အမေရိကန်ဒေါ်လာ ၂၉၁၅၀၀ တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၁၁၀၀ ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီ ကုန်သွယ်ရေး ဇုန်မှ အမေရိကန်ဒေါ်လာ ၁၂၅၆၇၉ တန်ဖိုးရှိ ကြက်သွန်နီ ၃၅၅ တန်ခွဲနဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၂၆၅၀၀ တန်ဖိုးရှိ ကြက်သွန်နီတန် ၁၀၀ ကို လည်းကောင်း အသီးသီး တင်ပို့ခဲ့ပါတယ်။
        ယခင်ရက်သတ္တပတ်က မူဆယ်မှ တန် ၅၅၀၊ မြ၀တီမှ  ၅၂၂ တန် ကျော်နဲ့ တာချီလိတ်မှ တန်၂၀၀ တင်ပို့ခဲ့လို့ ယခု တစ်ပတ်ကြက်သွန်နီတင် ပို့မှုမှာ မူဆယ်မှ ပိုမိုခဲ့ပြီး မြ၀တီနဲ့ တာချီလိတ်မှ တင်ပို့မှု အနည်းငယ်လျော့ နည်း သွားခဲ့တာ တွေ့ရပါတယ်။ မူဆယ်(၁၀၅) မိုင်မှာကြက်သွန်နီ တစ်တန် ကို လိုင်စင် ဈေးက (ငွေလဲနှုန်းအရ) ( ၂၆၀-၂၆၅ ) ဒေါ်လာရှိပြီး မြ၀တီ မှာ ၃၅၃ ဒေါ်လာခန့် ရှိတယ်လို့ သိရပါတယ်။

မော်မော်အောင်

No comments:

Post a Comment